အတိတ်စိမ်း

အတိတ်ဆိုတာမေ့နေတာပဲကောင်းတယ်....
နာကျင်နေတဲ့ နှလုံးသားကို ရေခဲအိတ်တောင် ကပ်ထားရတယ်။

ရူးနေတာပဲကောင်းတယ်
မူးနေတာပဲကောင်းတယ်
ခုနေသေသွားရင်တောင်
(ငါ့အတွက်) ငိုပြီး ယောင်မယ့်သူ မရှိဘူး

ငါကျူးရင့်ခဲ့တဲ့ သံစဉ်တွေကလည်း
ငါ့ဖက်မှာ မရှိဘူး
တကယ်ဆို အပျိုစင်ညက
ငါ့ရင်မှာ မကတော့တာကြာပြီ။

အသည်းတွေလဲ ကွဲနေပြီ
ငါ့ရဲ့ ကမ္ဘာကလဲ
မှန်ကွဲစတွေနဲ့ ရူးနေတာနှစ်ပါချီ။

ခုတခါလဲ
ငါ့ရဲ့  နေ့တွေ
ရေတိမ်မှာ နစ်ပြန်ပြီ။

လေနေသည်။
ကြွေနေသည်။
ဝေနေသည်။
ဒီလိုရေမြေသည်
ငါ့အိပ်မက်အတွက်
အခင်းအကျင်းမကောင်းခဲ့တာ ကြာလေပြီ။

အတိတ်စိမ်းတွေ မပေးပါနဲ့လေပြေရယ်
ငါရဲ့ ဆောင်း ပြောင်းသွားမှာ စိုးတယ်။

မင်းတွက်ကတော့ ခဏတာ
ဒါဟာငါ့အတွက် ကမ္ဘာ တခုပါကွာ

ကဲ ညရေ
ဇော်က က ချင်ဦးဟ
ခုတော့....
ဓါးပြပါတိုက်ခံရပြီ။

လင်းနေ(ရင်မှသံစဉ်)

Popular posts from this blog

npm refusing to install as a dependency of itself

How to call javascript functions from VB.NET and using WebBrowser Control