ရင်ထဲက
On Poems
ကာရန်တွေဖန်တီးချစ်သူမငြီးရအောင်
ညမှောင်မှောင်ထဲမှာ ကဗျာတပုဒ်ကို ဆိုတီးနေတယ်။
ပုံလို့ ပေးလိုက်ပါပြီ အချစ်တွေ
အပြစ်တွေရှိခဲ့ရင်လည်းပဲ ကြေပါစေ။
ကောင်မလေးရေ
မင်းက ငါ့အတွက်တော့
ထာဝရလင်းမယ့်ကြယ်။
လက်ကိုသာတွဲထား ချစ်သူ
ခွဲခွာခြင်းနဲ့ တို့ကမ္ဘာ
ဘ၀ချင်းခြားအောင် ငါပြုစားနေတယ်။
တခါတလေ
ချစ်သူစိတ်ဆိုးရင်များဆို
စကားလုံးတွေလေ ခြေလှမ်းတောင်မမှန်ချင်ဖူး။
သူကကျနော့် ဆောင်းရာသီလေးလေ
အပြင်မှာပေါ့ ပူလိုက်တာချစ်သူရယ်
တော်သေးတယ် ရင်ထဲမှာမင်းရှိလို့။
ဆည်းလည်းသံလေးရေ
သံစဉ်အေးအေးလေးတွေကြားမှာ
မှေးစက်ရာပျော်ပါစေ။
လင်းနေ(ရင်မှသံစဉ်)
No Comment to " ရင်ထဲက "
Post a Comment