ဆည်းလည်းသံ

ဆည်းလည်းသံလေးလေ
ဆည်းလည်းသံလေးပေါ့
အထီးကျန်ရနံ့တွေနဲ့ချောက်ကပ်
တယောက်ထဲနဲ့ပျောက်နေတဲ့ အခန်းကျဉ်းထဲရောက်လာပြီး
အင်အားတွေ ရင်မှာထားသွားတယ်။

ဒါဟာ ငါ့ရဲ့  ကမ္ဘာငယ်ပေါ့
ကောင်းကင်မှာ ကြယ်တွေခင်းတယ်
ညဥ့်နက်နက်ဟာလည်း သံစဉ်သင်းသင်းလေးနဲ့ လင်းနေတယ်။

ချစ်သော ကဗျာငယ်ရယ်
ငါရယ်လေ.. ရင်နှင့်ရင်းပြီး မင်းကိုထာဝရပေါ့ သင်းပျံ့  စေမယ်။


လင်းနေ(ရင်မှသံစဉ်)

Popular posts from this blog

npm refusing to install as a dependency of itself

How to call javascript functions from VB.NET and using WebBrowser Control