On
ငါပြုံးနေတယ် မင်းအတွက်
ငါငိုနေတယ် မင်းအတွက်
အသက်နဲ့ ဆက်ပြီးတော့ ငါ ချစ်တယ်
ကမ္ဘာမြေပေါ်က ပင်လယ်တွေထက် နက်ရှိုင်းတယ်
ခြယ်သလို့ မမှီတဲ့ ပန်းချီကား တချပ်ပေါ့ မင်းက ငါ့ အတွက်တော့
ပေါ့ပေါ့လေးတော့ မဟုတ်ဘူး အချစ်နဲ့ ရူးသွားတဲ့ လူငယ်တယောက်အတွက်
သီချင်းတပုဒ်ဟာ သူ့အတွက်တော့ ကဗျာမမှီ စာမပီ။

လောလောဆယ်...ညနက်ထဲမှာ ငါတို့ ကိုယ်ဆီ အိပ်စက်နေကြတယ်
ဒါပေမယ့် အိပ်မက်တွေ နိုးနေပါတယ်။
မင်းအတွက် ငါရှိတယ် ပြောချင်တယ် ပြောခဲ့တယ်။
ချစ်သူ မင်း ငါ့ရဲ့  မေတ္တာနဲ့ အေးမြစေ။

ပန်းတပွင့်ကို ချစ်မိမှတော့
ကြွေခါမှ ကြွေရော
ငါလေ...လေပြေနဲ့ အတူတူ စောင့်နေပါ့မယ်။

ချစ်သူအေးမြစေ

အချစ်စစ်ဆိုတာ
....
သူငယ်ချင်းရေ....ငါ...
သူကြွေရင်လိုက်ကြွေမယ်
သူဝေရင်လည်း လိုက်ဝေမယ်။

လင်းနေ(ရင်မှသံစဉ်) 21.02.2010 2:35 AM