Posts

Showing posts from February, 2010

အတိတ်စိမ်း

အတိတ်ဆိုတာမေ့နေတာပဲကောင်းတယ်....
နာကျင်နေတဲ့ နှလုံးသားကို ရေခဲအိတ်တောင် ကပ်ထားရတယ်။

ရူးနေတာပဲကောင်းတယ်
မူးနေတာပဲကောင်းတယ်
ခုနေသေသွားရင်တောင်
(ငါ့အတွက်) ငိုပြီး ယောင်မယ့်သူ မရှိဘူး

ငါကျူးရင့်ခဲ့တဲ့ သံစဉ်တွေကလည်း
ငါ့ဖက်မှာ မရှိဘူး
တကယ်ဆို အပျိုစင်ညက
ငါ့ရင်မှာ မကတော့တာကြာပြီ။

အသည်းတွေလဲ ကွဲနေပြီ
ငါ့ရဲ့ ကမ္ဘာကလဲ
မှန်ကွဲစတွေနဲ့ ရူးနေတာနှစ်ပါချီ။

ခုတခါလဲ
ငါ့ရဲ့  နေ့တွေ
ရေတိမ်မှာ နစ်ပြန်ပြီ။

လေနေသည်။
ကြွေနေသည်။
ဝေနေသည်။
ဒီလိုရေမြေသည်
ငါ့အိပ်မက်အတွက်
အခင်းအကျင်းမကောင်းခဲ့တာ ကြာလေပြီ။

အတိတ်စိမ်းတွေ မပေးပါနဲ့လေပြေရယ်
ငါရဲ့ ဆောင်း ပြောင်းသွားမှာ စိုးတယ်။

မင်းတွက်ကတော့ ခဏတာ
ဒါဟာငါ့အတွက် ကမ္ဘာ တခုပါကွာ

ကဲ ညရေ
ဇော်က က ချင်ဦးဟ
ခုတော့....
ဓါးပြပါတိုက်ခံရပြီ။

လင်းနေ(ရင်မှသံစဉ်)

ရင်ထဲက

ကာရန်တွေဖန်တီး
ချစ်သူမငြီးရအောင်
ညမှောင်မှောင်ထဲမှာ ကဗျာတပုဒ်ကို ဆိုတီးနေတယ်။

ပုံလို့ ပေးလိုက်ပါပြီ အချစ်တွေ
အပြစ်တွေရှိခဲ့ရင်လည်းပဲ ကြေပါစေ။

ကောင်မလေးရေ
မင်းက ငါ့အတွက်တော့
ထာဝရလင်းမယ့်ကြယ်။

လက်ကိုသာတွဲထား ချစ်သူ
ခွဲခွာခြင်းနဲ့ တို့ကမ္ဘာ
ဘ၀ချင်းခြားအောင် ငါပြုစားနေတယ်။

တခါတလေ
ချစ်သူစိတ်ဆိုးရင်များဆို
စကားလုံးတွေလေ ခြေလှမ်းတောင်မမှန်ချင်ဖူး။

သူကကျနော့် ဆောင်းရာသီလေးလေ
အပြင်မှာပေါ့ ပူလိုက်တာချစ်သူရယ်
တော်သေးတယ် ရင်ထဲမှာမင်းရှိလို့။

ဆည်းလည်းသံလေးရေ
သံစဉ်အေးအေးလေးတွေကြားမှာ
မှေးစက်ရာပျော်ပါစေ။

လင်းနေ(ရင်မှသံစဉ်)

ဆည်းလည်းသံ

ဆည်းလည်းသံလေးလေ
ဆည်းလည်းသံလေးပေါ့
အထီးကျန်ရနံ့တွေနဲ့ချောက်ကပ်
တယောက်ထဲနဲ့ပျောက်နေတဲ့ အခန်းကျဉ်းထဲရောက်လာပြီး
အင်အားတွေ ရင်မှာထားသွားတယ်။

ဒါဟာ ငါ့ရဲ့  ကမ္ဘာငယ်ပေါ့
ကောင်းကင်မှာ ကြယ်တွေခင်းတယ်
ညဥ့်နက်နက်ဟာလည်း သံစဉ်သင်းသင်းလေးနဲ့ လင်းနေတယ်။

ချစ်သော ကဗျာငယ်ရယ်
ငါရယ်လေ.. ရင်နှင့်ရင်းပြီး မင်းကိုထာဝရပေါ့ သင်းပျံ့  စေမယ်။


လင်းနေ(ရင်မှသံစဉ်)

Shutter Island : Leonardo DiCaprio

ချစ်သူအေးမြစေ

ငါပြုံးနေတယ် မင်းအတွက်
ငါငိုနေတယ် မင်းအတွက်
အသက်နဲ့ ဆက်ပြီးတော့ ငါ ချစ်တယ်
ကမ္ဘာမြေပေါ်က ပင်လယ်တွေထက် နက်ရှိုင်းတယ်
ခြယ်သလို့ မမှီတဲ့ ပန်းချီကား တချပ်ပေါ့ မင်းက ငါ့ အတွက်တော့
ပေါ့ပေါ့လေးတော့ မဟုတ်ဘူး အချစ်နဲ့ ရူးသွားတဲ့ လူငယ်တယောက်အတွက်
သီချင်းတပုဒ်ဟာ သူ့အတွက်တော့ ကဗျာမမှီ စာမပီ။

လောလောဆယ်...ညနက်ထဲမှာ ငါတို့ ကိုယ်ဆီ အိပ်စက်နေကြတယ်
ဒါပေမယ့် အိပ်မက်တွေ နိုးနေပါတယ်။
မင်းအတွက် ငါရှိတယ် ပြောချင်တယ် ပြောခဲ့တယ်။
ချစ်သူ မင်း ငါ့ရဲ့  မေတ္တာနဲ့ အေးမြစေ။

ပန်းတပွင့်ကို ချစ်မိမှတော့
ကြွေခါမှ ကြွေရော
ငါလေ...လေပြေနဲ့ အတူတူ စောင့်နေပါ့မယ်။

ချစ်သူအေးမြစေ

အချစ်စစ်ဆိုတာ
....
သူငယ်ချင်းရေ....ငါ...
သူကြွေရင်လိုက်ကြွေမယ်
သူဝေရင်လည်း လိုက်ဝေမယ်။

လင်းနေ(ရင်မှသံစဉ်) 21.02.2010 2:35 AM

Oh Donna - Ritchie Valens

Video By : cDog371

Faithful - LOBO

'Valentine's Day' Trailer HD

Video by : hollywoodstreams

How to Open a Beer with another Beer - CHOW

How to Open a Beer with a Pen - CHOW

'The Wolfman' Trailer 2 HD

Video by : hollywoodstreams In Theaters - February 12

Pachelbel Canon in D Major Perfect Version

video by : northernlights82

Pachelbel's Canon in D major

Video by : DeFreJus

Extraordinary Pantene Commercial

Burma VJ (Nominee, Best Documentary, Features)

Oscar Nominee (Best Documentary, Features)

Road to Oscars!!!! 2010

Image
Best Motion Picture of the Year
Nominees
Avatar (2009): James Cameron, Jon Landau


The Blind Side (2009): Nominees to be determined

District 9 (2009): Peter Jackson, Carolynne Cunningham

An Education (2009): Finola Dwyer, Amanda Posey
The Hurt Locker (2008): Nominees to be determined
Inglourious Basterds (2009): Lawrence Bender
Precious: Based on the Novel Push by Sapphire (2009): Lee Daniels, Sarah Siegel-Magness, Gary Magness
A Serious Man (2009): Joel Coen, Ethan Coen
Up (2009): Jonas Rivera
Up in the Air (2009/I): Daniel Dubiecki, Ivan Reitman, Jason Reitman

Full list of Ocsars Nominees