Starry Night


video by : lexicfc

ကြယ်တွေစုံတဲ့ည

တယောက်တည်း မီးတွေထွန်း
သီချင်းတွေဆို.....
ကဗျာတွေရေးပြီး....
ကိုယ့်အကြောင်း ကိုယ်သိတဲ့ည

အလှပတွေမလို
ကိုယ့်စိတ်နဲ့ ကိုယ့်ကို
ဒီညကို ငါကြို မလို့....
ဝိညာဉ်ပျိုတွေနဲ့ငါ က မယ့် ည

ခုမှတော့ မျက်ရည်တွေ စိုပြီး
ညို မနေနဲ့တော့ မိုးရေ
မင်းငိုရင်...ငါပြိုမှာစိုးလို့...
နွေရင်ခွင်ကို ကြို ခိုလှုံခွင့်တောင်းတဲ့ ည

ကောင်မလေးရေ.....
မင်းရဲ့  ကွဲနေတဲ့ အသည်းကို
နှလုံးသွေးနဲ့ ကုစားဖို့
ငါ့ကိုယ် ငါ လုပ်ကြံလိုက်တဲ့ ည

ကောင်းသောညပါ...
မင်းနှုတ်ဆက်ပြီးတက်သွားတဲ့..စက်တပ်လှေကားပေါ်...
ငါ့ ၀င်သက်ထွက်သက်တွေပါသွားတယ်....
အပျော်လွန်ခဲ့တဲ့ညပေါ့....တက္ကစီပေါ်က မီတာကိုတောင် မေ့လို့....
ဒီလို..လှလိုက်တဲ့.... ဇန်န၀ါရီရဲ့  စတုတ္ထမြောက် ည.....

လင်းနေ (ရင်မှသံစဉ်)


Popular posts from this blog

npm refusing to install as a dependency of itself

How to call javascript functions from VB.NET and using WebBrowser Control