On

photo creditted to blisstree.com

ပုံရိပ်လေးတွေကတော့ ဒီအတိုင်းပဲနော်...
ဟိုအတိတ်က အရိပ်တွေပေါ့........

ချစ်သူ... ချစ်လိုက ချစ်
ပစ်လို ပစ်ပါ....

အဲဒီ သီချင်းလေးကို ငါ နားမလည်ဖူးးးးး
ဒါပေမယ့် နှလုံးသားနဲ့ ခံစားပါတယ်....

လွမ်းတယ် ဆိုတာ ဘာလဲ....
တမ်းတခြင်းလား...တောင့်တခြင်းလား...သတိရခြင်းလားးးးး

အဖြေမရှိတဲ့ ပုစ္ဆာတွေ တော်တော်များများ ရှိသတဲ့...
ငါတို့ ဆိုတာ... ကိန်းဂဏန်းတွေလား....ကိန်ဂဏန်းတွေ ရဲ့  သားကောင်လား.....

ဒီနေ့ထိတော့ မိုးတွေ ရွာတယ်.... မိန်းမငယ်တွေ လှသတဲ့.....
မိန်းမလှ ကျွန်းမှာ ငါ ခုထိ ရောက်ရှိနေထိုင်တယ်...

အချစ်ဆိုတာ ဘာလဲ.....
မင်းကို ချစ်လို့ ချစ်တာလား......ငါ့ကိုငါ ချစ်လို့ မင်းကို ချစ်တာလား....မင်းကရော...

အတိတ်တွေက ပီးခဲ့ပြီ...
နောက်တနေ့ နောက်တနေ့နဲ့.... ရက်ပေါင်းများစွာ ဖြတ်သန်းသွားတဲ့ အခါ....

မေးခွန်းတချို့  ရှိတယ်...အဖြေက မရှိ....
ငါနဲ့ တွေ့  စဉ် ပေးတဲ့ လောကွတ်တချို့ မှာ... ချိုမြိန်ချင်းတွေ ပါသတဲ့လား

အချို ကို လူတွေ ကြိုက်ကြတယ်....
သွားပိုးစား မှာ ချောင်းဆိုးမှာတော့ ကြောက်ကြသားပဲ.....

ရည်ရွယ်ချက်တွေ ရှိသတဲ့....
ပျော်ရွှင်ခြင်းကို လိုချင်ကြသတဲ့...

ပျော်ရွှင်ခြင်းဆိုတာဘာလဲ ဘ၀ ဆိုတာ ဘာလဲ....
ငယ်ဘ၀ကို တမ်းတကြတယ်....တကယ်လို့ ခုနေကြီး ၁၀ တန်းစာမေးပွဲ ဖြေရဦးမယ်ဆို ဘယ်လို လုပ်မလဲ

ပျော်ရွှင်ခြင်းနဲ့ ချမ်းသာခြင်း....တပြိုင်နက်ရသလား....
အပျော်ဆုံး အချိန်တွေ လူတိုင်းမှာ ရှိဖူးတယ်..........ဒါပေမယ့်....ငါ့မှာကော....

ရှိခဲ့လိမ့်မယ် ရှိခဲ့ဖူးလိမ့်မယ်...တချိန်က ဆိုတာ...
မင်းရဲ့  စကားတပွင့် အပြုံးတ၀င့် က ခုထိ ကဗျာဆန်နေတုန်းပဲ

တခါတခါ လောကကြီးက ဘာလုပ်ရမှန်းမသိအောင်မှောင်မိုက်နေတော့ကာ.......
ကမ္ဘာကြီးကလဲ ဖျားနာနေတော့ကာ ကောင်းကင်တွေ ငို..... လှိုင်းတွေပြိုပြီး.....ဟိုမှာ တလျှောက်..မြေတွေ စိုနေပြီ

တခါကပေါ့...လေညင်းရယ် ကောင်းကင်ရယ်...
ပြီးတော့ ချစ်သူရယ်....

ပုံရိပ်ယောင်တွေထဲမှာပဲ ငါပျော်မယ်...
လောကအစစ်ကြီးကို ကြောက်လို့....ဒီတောနက်ကြီးထဲမှာပဲ ငါနေပါရစေ..ရှင်ပါရစေ...

ဒီလိုနဲ့ပဲ…...ဒီလိုနဲ့ပဲ.......

ညဉ့် နက် သန်းခေါင်…
ငါတယောက်တည်း….
မျက်နှာကျက်တွေကို…..
တေးဆိုပြရင်း…..

သို့….
ငယ်ရေ……
အိပ်မက်လှလှ မက် ပါ စေကွာ…..

လင်းနေကို(2009.10.03 00း29)

regards,
lynnnayko