မိုးသို့

နှောင်းခဲ့ပြီမှန်းသိတယ်….
ဒါပေမယ့်…ရောက်တဲ့နေရာက
အသစ်ပြန်စဖို့ …
နှလုံးသားကို အသင့် ပြင်ထားတယ်…..

မိုးရယ်….

ခုချိန်မှ တံခါးပြန်ခေါက်ရင်ကော..
ဟင်းလင်းတံခါးက အရင်အတိုင်းရှိပါ့မလား

ဘာပဲဖြစ်ဖြစ်ပေါ့
ငါဟာ တစ္ဆေ တကောင် ဖြစ်ခဲ့ပြီ

ဒါမှ မဟုတ်…
ရိုးရိုးလေး ဘ၀ခြားသွားတဲ့
ဝိညာဉ်တကောင်လဲ ဖြစ်နိုင်တယ်…

လေလွင့် ငှက်ပေါ့လေ
ကိုယ့်ဟာကို ပဲ ရွက်တိုက်ခဲ့မိတာလား….

ခံစားလို့တောင် မရတော့ဖူး…
ရင်ခုန်နှုန်းတွေက…

လှလှပပ ခွဲပစ်ခဲ့တဲ့မှန်တချပ်ပေါ့
တချိန်က အရောင်တွေ တောက်ခဲ့ဖူးတယ်….

တကယ်တော့ ဒါဟာ
ငါ့ကိုယ်ငါ ပျောက်ဆုံးချိန်ပဲ…

အလဲအကွဲ နဲ့
ကာရံပဲ့နေတဲ့…ကဗျာ တပုဒ်ပေါ့

မိုးရယ်…

ပုံသေနည်း တခုကို…
ရင်နာနာနဲ့ လက်ခံထားရဦးမယ်….

ငါက တိမ်တိုက်တခု ဖြစ်ခဲ့ရင်လေ
မိုး..နင်နဲ့ အတူတော့..ကြွေကျချင်တယ်

တခါတုန်းက
နေကို လငပုပ် ဖမ်းသွားလို့ပေါ့
ကယ်သူမဲ့ပေါ့ ငါလေ
ကမ္ဘာ နှုတ်ခမ်းပါးကနေ
ပဲ့ ကျသွားခဲ့တယ်…..

lynnnay@2009

Popular posts from this blog

npm refusing to install as a dependency of itself

Using Flexigrid with PHP and MySQL