အချစ်ရူးကြီးရူးလေသည်
On Poems
ငါက ကဗျာရူးကြီးလေ...အချစ်ရူးကြီးပေါ့...
လှောင်ကြပါ ပြောင်ကြပါ...
အမှောင်ထဲမှာပဲ..ငေါင်ငေါင်ကြီး ငါ နေပါ့မယ်.....
စိုလို့ရွှဲလို့.....
နှင်းအိုတွေ ကျတဲ့ ဆောင်း...
အို...ခုတော့...ဟောင်းသွားပြီပေါ့.....
မောင်းနှင်ရင်းလဲကျ...
ဟိုမှာ အမောဆို့နေတဲ့ ကားတွေလေ
ကြွေပြီပေါ့...ဒီလမ်းမကြီးပေါ်မှာပဲ...
ရဲရဲတောက်နီနေတဲ့...
ဒီ...စိန်ပန်းတွေ ပွင့်တဲ့လမ်း...
အနမ်းတပွင့်နဲ့ အတူ...ထားခဲ့ရပြီ....
လှောင်ကြပါ ပြောင်ကြပါ...
အမှောင်ထဲမှာပဲ..ငေါင်ငေါင်ကြီး ငါ နေပါ့မယ်.....
စိုလို့ရွှဲလို့.....
နှင်းအိုတွေ ကျတဲ့ ဆောင်း...
အို...ခုတော့...ဟောင်းသွားပြီပေါ့.....
မောင်းနှင်ရင်းလဲကျ...
ဟိုမှာ အမောဆို့နေတဲ့ ကားတွေလေ
ကြွေပြီပေါ့...ဒီလမ်းမကြီးပေါ်မှာပဲ...
ရဲရဲတောက်နီနေတဲ့...
ဒီ...စိန်ပန်းတွေ ပွင့်တဲ့လမ်း...
အနမ်းတပွင့်နဲ့ အတူ...ထားခဲ့ရပြီ....
လင်းနေကို (၁၆.၀၉.၂၀၀၉)
No Comment to " အချစ်ရူးကြီးရူးလေသည် "
Post a Comment