Posts

Showing posts from April, 2009

လွမ်း...ပြီးတော့

တွေ့နေကျ မတွေရ လို့ ဖြစ်တဲ့..
ရာသီပေါ် အလွမ်းတော့ မဟုတ်ပါဘူး...
အရိပ်လို ငြိပြီး ထိရှနေတာကို မသိခဲ့လို့ပါ...
ဘာပဲဖြစ်ဖြစ်
နမ်းခွင့် မရှိတောင်မှ ... လွမ်းခွင့် ရှိရင် ကျေနပ်ပါတယ်လေ.....

လင်းနေ(၃၁.၀၈.၂၀၀၉)

ကဗျာလေး

လမ်းပေါ်မှာ တုန်းက ကဗျာတပုဒ်ရခဲ့တယ်...
ကဗျာလေးရေ...
နေခြည်တွေပြေး လေတွေ အေးလည်း
အိပ်မက်လေးထဲ ပျော်ပါစေ။

လင်းနေကို (03.09.2009 12:37AM)

ကဗျာ

ငါ့ အနမ်းတွေက
ပန်းတွေလိုပဲ...
လန်းချိန်မှာ လန်းလို့ပေါ့...
ဒါပေမယ့် နွမ်းချိန်မှာ နွမ်းမှာတော့စိုးတယ်...မင်းအတွက်

ဗရမ်းဗတာ ပွင့်နေတဲ့ ပန်းတောထဲမှာ
လန်း ခဲ့ ဖူးပါတယ်။။။။။
ကြမ်းခဲ့ ဖူးတယ် ရမ်းခဲ့ဖူးတယ်။။။။။
ဒါပေမယ့် ခုထိ တော့ မင်းကိုပဲ လွမ်းတယ်

ဘယ်လို လုပ်ရမလဲ...
သည်းသည်း မဲမဲ
စွဲ လမ်းခဲ့ဖူးတဲ့ လမ်းတွေကို....
ငါက ခုဆို....
တယောက်ထဲ လျှောက်ရတော့မှာပေါ့.....

ဥယျဉ်ထဲက ပန်းတွေကို...
နမ်းမဲ့ သူလဲ မရှိတော့ဖူးးးး
ရူးနေပြီကွယ်......
......

ဟေ့...ဆေးပြားလေး မြိုလိုက်စမ်းကွာ....
ရတယ် ဆရာ ....
သူ့ကို မေ့ရင် ပြီးရော....မီးတောက် ထဲ ပျော်ဆိုလဲ ပျော်..မယ်....

ဟေ့...
ခုမှ သန်းခေါင် ပဲ ရှိသေးတယ်။....
ခလေးမရယ်....
နောက်တထုပ်လောက် ဖောက်လိုက်ဦး..ဟ

ဒီလိုနဲ့
ပျော်သလိုပဲ....
ဒီညအဖို့ ...ငါ အိပ်လိုက်တယ်.....

ဟေ့..ဒီမှာ...
လောင်ကျွမ်းနေတာ...
နင်တယောက်ထဲ မဟုတ်ဖူးတဲ့...
ကောင်းကင်ကြီးက ၀တ်စလစ်နဲ့ ငါ့ကို လှမ်းခေါ်တယ်....

ဒီ မသိချင်ယောင် ဆောင်နေတဲ့ လောက ကြီးကလဲ...
တခါတလေ...မကြား တချက် ကြားတချက်ရယ်..

မင်းသိလား....
နှစ်ယောက်ထဲ ရှိခဲ့တဲ့...တခါက..
ကြယ်ကြွေညလိုပေါ့.....

မင်းသိလား...နှင်းဆီ
မင်းရဲ့  ရနံ့ က
ညမှမွှေးတဲ့ ပန်…

မျက်ရည်ကြွေ

ကြွေကျကုန်ပြီပေါ့လေ...
မြေခနေတဲ့ မျက်ရည်ပွင့်လေးရေ....
နင်.....
အငွေ့  ပျံလို့ ရပြီကွဲ့ 

လင်းနေ (၀၇.၀၉.၂၀၀၉)

အတိတ်ကောက်ကြောင်း

သူငယ်ချင်းရေ...

တိတ်တိတ်လေးကြေကွဲ....
လေထဲမှာ အိမ်ဆောက်မိလို့တဲ့လေ.....
ကျိန်စာသင့်သွားတဲ့....
အိပ်မက်တခုအကြောင်း.....
ကြားဖူးလား......

ဆက်ပြီးမောင်းနှင်....
လွင့်စင်သွားတဲ့...
ကြယ်သိမ်တပွင့်အကြောင်းလည်း
မေ့သင့်ရင်မေ့လိုက်ပေါ့......

မင်းတို့ မသိလို့ပါ....
မင်းတို့ လက်လှမ်းမီတဲ့.....
ပြတင်းပေါက်မှာ...
ငါ့နှလုံးသား....တင်ထားခဲ့တယ်.....

သူငယ်ချင်းရေ...
တို့တွေ မက်ခဲ့တဲ့...အိပ်မက်နဲ့....
ဆက်ခဲ့တဲ့....အသက်တွေအကြောင်း....
အမြဲ......
အမှတ်ရနေတယ်......

ကိုယ်ဝမ်းနာကိုသိသွားတဲ့....
မြစ်တစင်းက...အခိုက်အတန့်တော့....
ဆည်ဖို့ ခံထားတယ်........

လင်းနေကို (March 2009)

ရွှေစင်

အဲဒီနေ့က...
ငါ့ ကဗျာတွေ သေဆုံးသွားခဲ့တယ်....
လေညင်းတွေ ငိုလို့
ဆောင်းနှင်းတွေ အတိုင်းမသိ ပြိုကျတယ်...

ချိုမြိန်ခြင်းတွေ
ခိုနေခွင့် ဒီရင်မှာ မရှိတော့သည်မို့...
ငိုနေ..ဒီရေနဲ့ အတူ....
ဟိုးက.....ပင်လယ်ထဲပဲ.. လိုက်သွားတော့မယ်....

လင်းနေကို(၁၀.၀၉.၂၀၀၉)

အခြားတဖက်

ရင်ထဲက မိုးက ခုထိ မတိတ်သေးဖူး.....
ရူးသွပ်စွာ ရွာနေတုန်းပဲ....

မိုးရေ....မိုးရေ..လို့
တိုးတိတ် စွာ ငါ ခေါ်....
ပျော်သလိုသာနေလှဲ့ပါတော့ကွာ....

မနိုးသောအိပ်စက်ချင်းနဲ့ ငါ....အိပ်နေပြီလေ....
ဝေ့၀ဲနေတဲ့ မြူခိုးတွေကို ခြုံ ပြီးပေါ့....
လောကကြီးကို အပေါ်စီးက ကြည့်တဲ့ အခါ....
ငါ့ ၀ိညာဉ်က ပေါ့ပါးစွာ......

ငါ ခေါ်နေတာ..ဘယ်သူမှ မကြားတော့ဖူး.....
ဟေ့...သူငယ်ချင်း...သူငယ်ချင်း....ငါ့ကို မထားခဲ့ပါနဲ့.....
လိုက်ခဲ့ ပါရစေ....အရင်လို...မင်းတို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ချင်လို့ပါ....

ချစ်သူမျက်ဝန်းမှာ...မျက်ရည်တွေ စွေနေတယ်...
မငိုပါနဲ့ ချစ်သူရယ်....မင်း မျက်ရည်လေးတွေ သုတ်ပေးပါရစေ....
ငါ လက်လှမ်း...လိုက်တယ်....ဟာ.......

မလိုက်ပါရစေနဲ့....မလိုက်ပါရစေနဲ့ဦး........
ငါ...ငါ သူငယ်ချင်းတွေနဲ့ မခွဲ နိုင်ဘူး.....ငါ ချစ်သူကို...စိတ်မချဘူးးးးး
မင်းတို့ နဲ့ မလိုက်ဖူးးးးးးး အားးးးးးးးးးးးးး

လင်းနေကို (၁၅.၀၉.၂၀၀၉)

အချစ်ရူးကြီးရူးလေသည်

ငါက ကဗျာရူးကြီးလေ...အချစ်ရူးကြီးပေါ့...
လှောင်ကြပါ ပြောင်ကြပါ...
အမှောင်ထဲမှာပဲ..ငေါင်ငေါင်ကြီး ငါ နေပါ့မယ်.....

စိုလို့ရွှဲလို့.....
နှင်းအိုတွေ ကျတဲ့ ဆောင်း...
အို...ခုတော့...ဟောင်းသွားပြီပေါ့.....

မောင်းနှင်ရင်းလဲကျ...
ဟိုမှာ အမောဆို့နေတဲ့ ကားတွေလေ
ကြွေပြီပေါ့...ဒီလမ်းမကြီးပေါ်မှာပဲ...

ရဲရဲတောက်နီနေတဲ့...
ဒီ...စိန်ပန်းတွေ ပွင့်တဲ့လမ်း...
အနမ်းတပွင့်နဲ့ အတူ...ထားခဲ့ရပြီ....


လင်းနေကို (၁၆.၀၉.၂၀၀၉)

ဆည်းဆာ (sunset)

ဟော...ဟိုမှာ...ငါ့လမင်းကြီးက ပြုံးပြုံးကြီးနဲ့...
အလှဲ့ကျတောင်းလာမယ့်...ဆီဆမ်းထမင်းကို ပေးဖို့ရာ....

အရောက်လာ...ဒီရင်ခွင်ပျိုကို.....
မနွမ်းသော အချစ်တွေနဲ့ ချိုနေဖို့ရာ.....

နှောင်းသောအချိန်တွေကို...လှည့်မကြည့်နဲ့တော့....
သူ့ ဆီ အရောက်သွားဖို့...ဒီခြေလှမ်း လှမ်းဖို့ရာ....

မင်းကိုနမ်းဖို့....ငါ လှမ်းအလာ...
ရှက်ပြုံးနဲ့ ညနေခင်းကပေါ့....အလှဆုံးဆည်းဆာ...

lynnnayko